သူ့ကို အစ်ကိုနဲ့လေး ငါးနှစ်လောက်ပဲကွာတဲ့ ညီလေးလို့ထင်ထားတာ၊ တကယ်က တူလေးအရွယ်လောက်ဖြစ်နေတယ် ဆိုပြီး “N Oo L”နဲ့အမှတ်တရတွေ၊ သူ့အပေါ်အမြင်တွေကိုပြောပြလာတဲ့ Rဇာနည်

သူ့ကို အစ်ကိုနဲ့လေး ငါးနှစ်လောက်ပဲကွာတဲ့ ညီလေးလို့ထင်ထားတာ၊ တကယ်က တူလေးအရွယ်လောက်ဖြစ်နေတယ် ဆိုပြီး “N Oo L”နဲ့အမှတ်တရတွေ၊ သူ့အပေါ်အမြင်တွေကိုပြောပြလာတဲ့ Rဇာနည်
Published 8 January 2021

The Voice Myanmar Season(3) မှာတော့ Coach R Zar Ni Team မှ ပြိုင်ပွဲဝင် “N Oo L” ကWinner ဆုရရှိခဲ့တာဖြစ်ပြီး အဆိုတော် အာဇာနည်အနေနဲ့လည်း သူ့ရဲ့ team ကနေ Winner ရရှိလိမ့်မယ်လို့မထင်ထားဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် “N Oo L” ရရှိသွားတဲ့အတွက် ဝမ်းသာရသလို သူဖြစ်ချင်တာတွေကို ပံ့ပိုးပေးဖို့လည်း အဆင်သင့်ရှိတယ်လို့ပြောပါတယ်။ ဒါ့အပြင် “N Oo L”ဟာ အနုပညာကိုတန်ဖိုးထားတဲ့ မိသားစုကနေမွေးဖွားလာတာဖြစ်တဲ့အတွက် ဂီတလမ်းကြောင်းပေါ်မှာ သူ့ကိုစိတ်ချထားလို့ရတဲ့အကြောင်း ကို အခုလိုပဲပြောပြလာပါတယ်။