အီရန်မှ ဖမ်းဆီးထားသည့် မြန်မာသင်္ဘောသား ၁၁ ဦး ပြန်လွှတ်ပေးရန် မြန်မာသံအမတ်ကြီးနှင့် အီရန်သံအမတ်ကြီး တွေ့ဆုံဆွေးနွေး
အီရန်နိုင်ငံက ဖမ်းဆီးထားတဲ့ တောင်ကိုရီးယားလောင်စာဆီတင်သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသင်္ဘောသား ၁၁ ကို ပြန်လွှတ်ပေးဖို့အတွက် မြန်မာသံအမတ်ကြီးနဲ့ အီရန်သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။