ကိုဗစ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေများပေမယ့် တွန်းအားတွေရခဲ့လို့ဂီတဘက်မှာရော၊ စီးပွားရေးဘက်မှာပါ လုပ်ချင်စိတ်တွေပိုဖြစ်ခဲ့တဲ့ အဆိုတော် ရန်ရန်ချန်း
လက်ရှိ ကိုဗစ်ကာလထဲမှာပဲ The Voice Myanmar Season(3) မှာ Coach တစ်ဦးအဖြစ်ပါဝင် ခဲ့လို့ပရိသတ်တွေနဲ့ အဆက် အသွယ် မပြတ်ခဲ့ပေမယ့် နေ့စဉ်သူ့ရဲ့တနေ့တာဖြတ်သန်းမှု ပုံစံကို ပရိသတ်တွေသိရအောင် အဆိုတော် ရန်ရန်ချန်းက ပြောပြလာ ပါတယ်။ သူ့အနေနဲ့ကတော့ ဒီကာလကြီးမှာ ဆုံးရှုံးမှုတွေရှိတယ်ဆိုပေမယ့် အဘက်ဘက်ကတွန်းအားတွေကြောင့် ဂီတဘက်မှာ ဆိုလည်း သီချင်းအသစ်တွေထွက်ဖို့ရှိသလို စီးပွားရေးအရလည်း လုပ်ငန်းတွေအတွက် plan ချထားတာတွေရှိလာတယ်လို့ဆိုရင်း သူ့ရဲ့လှုပ်ရှားမှုတွေအကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။