■ ပရော်ဖက်ရှင်နယ်နဲ့ လောင်းကစားစွဲလန်းမှု

■ ပရော်ဖက်ရှင်နယ်နဲ့ လောင်းကစားစွဲလန်းမှု
Published 9 January 2021

 ဝိန်းရွန်နီဟာ လောင်းကစားလုပ်ရတာ နှစ်သက်စွဲလန်းခဲ့ဖူးပြီး မန်ချက်စတာမြို့ကာစီနိုရုံမှာ ပေါင် (၅၀၀၀၀၀)အထိ ရှုံးဖူးတယ်လု့ိ သတင်း တွေထွက်ခဲ့ပါတယ်။ ဒါဘီအသင်းကို ဝိန်းရွန်နီ ရောက်ရှိတာခြင်းနောက်ကွယ်မှာ ဒါဘီအသင်းရဲ့ စပွန်ဆာ 32Red ပါဝင်ပတ်သက်နေတယ်လို့လည်း သိရပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမား တွေရဲ့ လောင်းကစားစွဲလန်းမှုပြဿနာဟာ ဖြေ ရှင်းရခက်နေဆဲပါပဲ။ လောင်းကစားလုပ်တာဟာ ပရော်ဖက်ရှင်နယ်ကစားသမားတွေအတွက် စိတ် အပန်းဖြေနည်းဖြစ်နေဆဲပါပဲ။ အရက်၊ မိန်းမနဲ့ ပါ တီပွဲတွေကြား ပျော်မွေ့တာဟာ ပရော်ဖက်ရှင် နယ်ကစားသမားတွေအတွက် လူသိမြန်မယ့်မကောင်းမှုတွေဖြစ်ပြီး လောင်းကစားလုပ်တာဟာ ဘဝမပျက်မီအထိ လူမသိအောင် စိတ်အပန်းဖြေ နည်းလို့ ဆိုရပါမယ်။