မကွေးမြို့မှ ပွင့်ဖြူမြို့သိုု့ ပေးပို့သည့် အောင်ဘာလေ ထီလက်မှတ်များပါ ချောထုပ်နှင့် အမြန်ချောထုပ်သုံးထုပ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ယာဉ်နောက်လိုက်တစ်ဦးကို တိုင်းစာတိုက်မှူးက အမှုဖွင့်ထား
မကွေးမြို့မှ ပွင့်ဖြူမြို့သိုု့ ၂၀၁၈ ခုုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က ပေးပို့ခဲ့တဲ့ ကျပ်သိန်း ၆၀ တန်ဖိုးရှိ (၂၃) ကြိမ်မြောက် အောင်ဘာလေ ထီလက်မှတ်များပါ ချောထုပ်နဲ့ အမြန်ချောထုပ် သုံးထုပ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး စတားသန်းဆုအောင် ယာဉ်လိုင်းမှ ယာဉ်နောက်လိုုက်တစ်ဦးကို မကွေးတိုင်းဒေသကြီး စာတိုက်မှူး ဒေါ်နှင်းရီသော်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။