မြန်မာနိုင်ငံမှာ ဂျပန်လူမျိုးအဆိုတော်အဖြစ် လူသိများနေတဲ့ Suwa Junko ကတော့ သူမရဲ ့“အရီဂတို” လို ့အမည်ပေးထားတဲ့ Audio CD ကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ ့ကစတင်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဖြန် ့ချီတော့မှာဖြစ်တယ်လို ့သိရပါတယ်။ သူမကတော့ ဂျပန်-မြန်မာ နှစ်နိုင်ငံမှာ သီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုနေတဲ့သူဖြစ်ပြီးတော့ အခုထွက်ရှိလာမယ့်အခွေထဲမှာတော့ မြန်မာလိုသီဆိုထားတဲ့ သီချင်း ၃ပုဒ်နဲ ့ဂျပန်လိုသီဆိုထားတဲ့ သီချင်းသုံးပုဒ်ပါဝင်တယ်လို ့သိရပါတယ်။