ပရီးမီးယားလိဂ်မှာ ဘယ်အသင်းချန်ပီယံဖြစ်မလဲ၊ မနှစ်တုန်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ် သိမ်းပိုက်လိုက်တာ သိပ်ပြီးလွယ်ကူတာပဲ။ ကိုဗစ်ကြောင့် တစ်လောကလုံးစိတ်ညစ်နေရချိန်မှာ လီဗာပူးလ်နဲ့ သက်ဆိုင်သူတွေဟာ နှစ်ပေါင်းများစွာဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုအတွက် ဒုက္ခတွေမေ့ပြီး ပျော်ရွှင်ခဲ့ရတယ်။
လီဗာပူးလ်လက်ထဲက ချန်ပီယံဆုကို ဘယ်အသင်းလုယူနိုင်မလဲ။ ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်လား။ ဂွါဒီယိုလာရဲ့ မန်စီးတီးလား၊ ရော်ဂျာစ်ရဲ့ လက်စတာလား၊ မော်ရင်ဟိုရဲ့ စပါးလား။
ပရီးမီးယားလိဂ်မှာ လီဗာပူးလ်တစ်ခေတ်ဆိုတာကြီးက ရယ်ပွဲဖွဲ့စရာဖြစ်လာပြီလား။ ဖျော်ဖြေရေးပိုဆန်လာတဲ့ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ လီဗာပူးလ် အညံ့ခံရမလား။