အစီရင်ခံစာကို သွေဖယ်ဖြေရှင်းနေသည်ဟု ဆိုကာ မြေယာလျော်ကြေး မယူထားသည့် လက်ပံတောင်း တောင်သူများမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်း တည်ရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ အစီရင်ခံစာကို သွေဖယ်ဖြေရှင်းနေတယ်လို့ဆိုကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သိမ်းဆည်းမြေယာတွေအတွက် မြေယာလျော်ကြေး မယူထားတဲ့ တောင်သူတွေက ဇန်နဝါရီ ၂၅ ရက် နံနက် ၁၀ နာရီက ကြေးနီစီမံကိန်းအနီး လယ်ကွင်းပြင်မှာ သတင်းစာ ရှင်းလင်းခဲ့ပါတယ်။