ကျောက်မဲမြို့၌ ဆိုင်ကယ်စီးလာသူလူနှစ်ဦး၏ ပစ်ခတ်မှုကြောင့် စေတနာ့ဝန်ထမ်း ၂ ဦး သေနတ်ကျည်ထိမှန်

ကျောက်မဲမြို့၌ ဆိုင်ကယ်စီးလာသူလူနှစ်ဦး၏ ပစ်ခတ်မှုကြောင့် စေတနာ့ဝန်ထမ်း ၂ ဦး သေနတ်ကျည်ထိမှန်
Published 26 January 2021

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့ ရပ်ကွက် ၈ နယ်မြေ ၂ တွင် ဖွင့်လှစ်ထားသော M2K စားသောက်ဆိုင် အပြင်ဘက် ဆိုင်ကယ် ၂ စီးပေါ်ကနေ ဆိုင်အတွင်းသို့ ဇန်နဝါရီလ ၂၅ ရက် ည ၉ နာရီခွဲ အချိန်ခန့်က လက်နက်ငယ်ဖြင့်ပစ်ခတ်ခဲ့ရာ ကျောက်မဲမြို့ရှိ ဘုံဆွမ်းလောင်းအသင်းနှင့် နာကူအသင်း(ကျောက်မဲ) တို့မှာ စေတနာဝန်ထမ်း ဆောင်ရွက်နေတဲ့ လူငယ် ၂ ဦး ကို ကျည်ဆံထိမှန်ခဲ့တယ်လို့သိရပါတယ်။