လီဝန်ဒေါစကီး ရုပ်ရှင်

လီဝန်ဒေါစကီး ရုပ်ရှင်
Published 26 January 2021

ဘိုင်ယန်မြူးနစ်နဲ့အတူ အကြီးကျယ်ဆုံးနှစ်တစ်နှစ် ကို ဖြတ်သန်းနိုင်ခဲ့ပေမဲ့ ကမ္ဘာ့အကောင်းဆုံး က စားသမားဆုဆိုတာ ပိုလန်ကစားသမားတစ်ဦး အတွက် သိပ်ပြီးစိတ်ကူးယဉ်စရာမဟုတ်ဘူး။ ပို လန်ကစားသမားတွေဟာ ဘယ်တုန်းကမှ ကမ္ဘာ့ အကောင်းဆုံးတွေအဖြစ် အသိအမှတ်ပြုမခံ ရဘူး။ ဘောလုံးသမိုင်းကိုပြန် ကြည့်တဲ့အခါ ပိုလန်ကြယ်ပွင့်တွေဟာ အလင်း လက်ဆုံးကြယ်တွေမဖြစ်ခဲ့ပါဘူး။ လီဝန်ဒေါစကီး ကိုလည်း ကမ္ဘာ့အကောင်းဆုံးဖြစ်လာမယ်လို့ ဘယ်သူတွေမျှော်လင့်ထားမှာလဲ။ ဘယ်သူကမှ မမျှော်လင့်ထားသလို၊ သူကိုယ်တိုင်လည်း ကမ္ဘာ့ အကောင်းဆုံးကစားသမားဆုရခဲ့တာ မယုံမ ကြည်ဖြစ်နေဆဲပဲ။