နယူးဒေလီတွင် ဆန္ဒပြတောင်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်း ဖြစ်ပွားပြီးနောက် လုံခြုံရေးအထူးတင်းကျပ်ထား
အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာ ဆန္ဒပြ တောင်သူတွေနဲ့ ရဲတပ်ဖွဲ့အကြားအဓိကရုဏ်း ဖြစ်ပွားမှုကြောင့် တစ်ဦးသေဆုံးပြီး ၈၀ ဦးထက်မနည်းဒဏ်ရာရခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်က သမိုင်းဝင် ခံတပ်နီ အပါအဝင်မြို့တော်နယူးဒေလီမှာရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ထားပြီးလုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။