COVID-19 ကာကွယ်ဆေးအား ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံခဲ့ပြီး ကာကွယ်ဆေးရရှိသော်လည်း ပြည်သူများ မပေါ့ဆရန် အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး
COVID-19 ကာကွယ်ဆေးကို နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်မှာ စတင်ထိုးနှံပေးနေပြီး ကာကွယ်ဆေးရရှိပေမယ့် ပြည်သူတွေ မပေါ့ဆဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ပါတယ်။