Covid လူနာလေးဦးနှင့်ထိတွေ့မှုှရှိခဲ့သော မိတ္တီလာမြို့၊စည်သူနယ်မြေရှိ အိမ်ခြေ(၃၉ )အိမ်ကို Lockdown ချမှတ်ကာအသွားအလာကန့်သတ်
ဇန်နဝါရီလ(၂၉)ရက် က ခရီးသွားဖို့ ကုန်တင်ယာဉ်မောင်း တစ်ဦးမှာ RPT နဲ့ Covid-19စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ပြီး အဲဒီယာဉ်မောင်းနှင့်ဆက်စပ်တဲ့ နေအိမ်မှ အမျိုးသားတစ်ဦး၊အမျိုးသမီး နှစ်ဦးမှာပါ ပိုးတွေ့ရှိခဲ့ပြီးနောက် ယာဉ်မောင်းနေထိုင်ရာ မိတ္တီလာမြို့၊ဈေးအရှေ့ပြင်ရပ်၊စည်သူနယ်မြေရှိ အိမ်ခြေ ၃၉ အိမ်ကို Lockdown ချမှတ်ကာ အသွားအလာကန့်သတ်ထားတယ်လို့သိရပါတယ်။