ဆိုးလ်မြို့ ပြင်ပရှိ စီးပွားရေးလုပ်ငန်းများအတွက်ထုတ်ပြန်ထားသောကာဖျူးကိုတောင်ကိုရီးယားအစိုးရက ဖြေလျှော့
ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် တင်းကြပ်တဲ့ ပိတ်ပင်မှုတွေချမှတ်ခဲ့တဲ့အပေါ်ပြည်သူတွေရဲ့ဝေဖန်မှု မြင့်တက်နေချိန် တောင်ကိုရီးယားအစိုးရဟာ ဆိုးလ်မြို ့ အပြင်ဘက်က စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ ကာဖျူးကိုဖြေလျှော့ပေးလိုက်တာကြောင့် လုပ်ငန်းတွေဟာ တစ်နာရီထပ်တိုးကာ ဖွင့်ခွင့်ရတော့မှာဖြစ်ပါတယ်။