■ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့များမှ လူစုခွဲရန် ဖြိုခွင်းခြင်းများရှိသော်လည်း လေးရက်မြောက် လူထုဆန္ဒ ထုတ်ဖော်မှု နိုင်ငံတဝှမ်း အရှိန်မြှင့်နေဆဲ
■ မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်နေသူများကို ရဲတပ်ဖွဲ့မှ စတင်ဖမ်းဆီးခဲ့ရာ လက်ရှိတွင် ၇၀ ဦးခန့်ရှိ
■ မိတ္ထီလာမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးတွင် ပြင်ပလူနာများ ဆက်လက် လက်မခံတော့
■ ရန်ကုန်တိုင်းအတွင်း COVID-19 ကာကွယ်ဆေးထိုးရန် အသက် ၁၈ နှစ်အထက် လူဦးရေ ၅၉ သိန်းကျော်ရှိပြီး အသက် ၆၅ နှစ် အထက် ၃၈၀၀၀၀ ကျော်ရှိ
■ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် အမေရိကန်၏ တောင်းဆိုချက် မအောင်မြင်
စတဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးထားပါတယ်။