တောင်ကြီးမြို့ရှိမေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံသို့ လာရောက်ကုသမှုခံယူသည့် မျက်စိဝေဒနာရှင်ဦးရေများပြားလာပြီး တစ်နှစ်လျှင် လူနာဦးရေ ၂၅၀၀ ခွဲစိတ်ကုသပေးနိုင်ရန် ဆောင်ရွက်နေ
မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံ(တောင်ကြီး)သို့ မျက်စိလာရောက်စမ်းသပ်ခြင်းနဲ့ ဆေးကုသမှုခံယူသူလူနာ ဦးရေ ပိုမိုများပြားလာခဲ့ပြီး တစ်နှစ်လျှင် လူနာဦးရေ၂၅၀၀ ကိုခွဲစိတ်ကုသပေးနိုင်ဖို့ လျာထားဆောင်ရွက်နေတယ်လို့ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ ဥက္ကဋ္ဌ ဦးညွန့်မောင်ကပြောပါတယ်။