မိတ္တီလာမြို့တွင်တပ်မတော်ထောက်ခံယာဉ်တန်းလှည့်လည်စဉ်၎င်းတို့ကို အခြားသူများက သံပုံးတီးခြင်းနှင့် အခြားပြုမှုများ လုပ်သည်ဆိုကာ ဝင်ရောက်ရိုက်နှက်ဖျက်ဆီးမှုဖြစ်ပွားခဲ့
မိတ္တီလာမြို့မှာတပ်မတော်ထောက်ခံပွဲဆန္ဒထုတ်ဖော်မှု့ယာဉ်တန်းလှည့်လည်စဉ်သံပုန်းတီးခြင်း၊လက်သုံးချောင်းထောင်ခြင်းစတဲ့ နှောင့်ယှက်မှုများကြုံခဲ့ရတယ်လို့ဆိုကာ မိတ္တီလာမြို့နာရီစင်အနီး တုတ်ဓားများဖြင့် ရိုက်နှက်ခြင်း၊ လောက်လေးဖြင့်ပစ်ခြင်းများပြုလုပ်ခဲ့ပြီးအပြန်အလှန် ပြန်လည်ခုခံမှုများကြောင့် ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။