အာဏာသိမ်းမှု အလိုမရှိကြောင်း နဝမမြောက်နေ့အဖြစ် နိုင်ငံတဝှမ်းဆန္ဒပြမှုများအင်အာလျော့သွားခြင်းမရှိဘဲဆက်လက်ပြုလုပ်နေ
အာဏာသိမ်းမှုအလိုမရှိကြောင်း နဝမမြောက်နေ့အဖြစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကပြုလုပ်တဲ့ ဆန္ဒပြမှုတွေမှာရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးတွေမှာ အင်အားလျော့မသွားဘဲ ဆက်လက်ပြုလုပ်နေကာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ အားကစားကဏ္ဍမျိုးစုံကအဖွဲ့တွေ၊ဘာသာပေါင်းစုံအသင်းအဖွဲ့တွေ၊တက္ကသိုလ် တွေက ကျောင်းသားကျောင်းသူဟောင်းတွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလူမျိုးအဖွဲ့တွေ၊ လူမှုရေးအဖွဲ့ အစည်းတွေ၊ လူငယ်တွေနဲ့ အလွှာအတန်းစားမျိုးစုံက မြို့ခံလူထုတွေ ပါဝင်ဆန္ဒပြခဲ့တယ်လို့သိရပါတယ်။