အီရန်- အာဖဂန်နစ္စတန်နယ်စပ်တွင် အကြီးစား မီးလောင်ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့သဖြင့် လူ ၆၀ ထက်မနည်း ဒဏ်ရာရ
အီရန်နယ်စပ်အနီး၊ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ လောင်စာတင်ယာဉ်တစ်စီး ပေါက်ကွဲရာကနေ အကြီးစား မီးလောင်မှု ကြီး ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၆၀ လောက် ဒဏ်ရာရခဲ့ပြီး ဒေါ်လာသန်းပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ကာ ယာဉ်အစီး ရေ ရာနဲ့ချီ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။