မော်လမြိုင်မြို့ခံထောင်ပေါင်းများစွာက နဝမမြောက်နေ့အဖြစ် ဆက်လက်ဆန္ဒထုတ်ဖော်
ထောင်ပေါင်းများစွာသော မော်လမြိုင်မြို့ခံပြည်သူများ တပ်မတော်အာဏာသိမ်းယူခဲ့မှုအပေါ် ဆန့်ကျင်ကြောင်း ဖေဖေါ်ဝါရီ ၁၅ ရက် နံနက် (၉) နာရီအချိန်မှစတင်ကာ နဝမ ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒထုတ်ဖေါ် ခဲ့ကြတယ်လို့သိရပါတယ်။