မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ထိုင်းဘက်သို့ ပို့ကုန်မြင့်တက်လာသော်လည်း ပြည်တွင်းသို့ သွင်းကုန်လျော့ကျနေ

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ထိုင်းဘက်သို့ ပို့ကုန်မြင့်တက်လာသော်လည်း ပြည်တွင်းသို့ သွင်းကုန်လျော့ကျနေ
Published 16 February 2021

မြန်မာ - ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးစခန်းကနေ ထိုင်းနိုင်ငံဘက်ကို မြန်မာ့ပြောင်းဆန်တွေ အခွန်ကင်းလွတ်ခွင့် နဲ့ တင်ပို့ခွင့်ရပြီးနောက် ပို့ကုန်မြင့်တက်လာပေမယ့် ပြည်တွင်းကို တင်သွင်းနေတဲ့ ထိုင်းကုန်စည်တွေကတော့ ပုံမှန်ထက် များစွာ လျော့ကျနေတယ်လို့ သိရပါတယ်။