အီရတ်မြောက်ပိုင်းတွင် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့ကိုပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း တစ်ဦးသေဆုံးပြီးအမေရိကန်တပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် ငါးဦးဒဏ်ရာရ
ဖေဖော်ဝါရီ ၁၅ရက်ကအီရတ်နိုင်ငံမြောက်ပိုင်းရှိ အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းတပ်ဖွဲ့ အခြေစိုက်ရာစစ်စခန်းတစ်ခုကိုရော့ကတ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုအတွင်းအရပ်သားကန်ထရိုက်တာတစ်ဦးသေဆုံးပြီးအမေရိကန်တပ်ဖွဲ့ဝင်တစ်ဦး အပါအဝင်ငါးဦးဒဏ်ရာရခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။