မြောင်းမြ ဆန္ဒပြပွဲအပြီး ကျောင်းအုပ်ဆရာတစ်ဦးကို ဖမ်းသဖြင့် ပြည်သူများက ပြန်လွှတ်ပေးရန် တောင်းဆိုရာ ရဲတပ်ဖွဲ့က ဖြိုခွင်းမှုပြုလုပ်ခဲ့
တပ်မတော်မှ အာဏာသိမ်းယူမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ မြောင်းမြမြို့နယ် ထော်ကလို့ကျေးရွာ ကျောင်းအုပ်ဆရာကြီး ဦးထက်ဝေယံအောင်ကိုဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်တာကြောင့် မြောင်းမြမြို့ အကျဉ်းဦးစီးဌာနရှေ့မှာ ပြည်သူအင်အား နှစ်သောင်းဝန်းကျင်က သုံးနေရာခွဲကာ ပြန်လွှတ်ပေးရေး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ်။