တပ်မတော်အာဏာသိမ်းမှုအလိုမရှိသည့် ဆန္ဒပြပွဲ ၁၂ ရက်မြောက်အဖြစ် တနိုင်ငံလုံးတွင် သန်းနှင့်ချီသောဆန္ဒပြသူများ အင်အားအလုံးအရင်းဖြင့် ဆန္ဒပြခဲ့
တပ်မတော်အာဏာသိမ်းမှုအလိုမရှိသည့် ဆန္ဒပြပွဲ ၁၂ ရက်မြောက် ဒီနေ့ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့မြို့ကြီးတွေမှာ သန်းနှင့်ချီတဲ့ဆန္ဒပြသူများ အင်အားအလုံးအရင်းဖြင့် ဆန္ဒပြခဲ့ကြပြီး ဒီလိုဆန္ဒပြရာမှာ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်မှာတော့ ဒီနေ့မနက်ပိုင်းမှာ ပျက်နေသောကားတွေ၊ ဆန္ဒပြသူ များနှင့် ပြည့်နှက်နေတယ်လို့သိရပါတယ်။