ညောင်လေးပင်ဒေသထွက်ဖရဲသီးများ စျေးကောင်းမရခြင်းကြောင့် ဖရဲစိုက်တောင်သူများ နှစ်နှစ်ဆက်တိုက် တွက်ခြေမကိုက်ဟုဆို
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နဲ့ ဒိုက်ဦးမြို့နယ်တို့မှာ စိုက်ပျိုးတဲ့ ဖရဲသီးတွေ ဇန်နဝါရီလ အစောပိုင်းမှ စတင်ပြီး အပြိုင်အဆိုင်ထွက်ရှိနေပြီဖြစ်ပေမယ့် တရုတ်နယ်စပ်မူဆယ်ဖရဲသီး စျေးကွက်မှာ စျေးကောင်းမရခြင်းတွေ နှစ်နှစ်ဆက်တိုက် တွက်ခြေမကိုက်ဖြစ်နေတယ်လို့ ဒိုက်ဦးဒေသဖရဲစိုက်တောင်သူတွေဆီကနေ သိရပါတယ်။