စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောထူထပ်သည့် နေရာ(၅၄)ခုကို သစ်တောနယ်မြေအဖြစ် တိုးချဲ့ ဆောင်ရွက် သွားရန် လုပ်ဆောင်နေဟု သိရ
စစ်ကိုင်းတိုင်းဒေသကြီးမှာ လက်ရှိအစိုးရအသစ်တက်လာပြီး နောက်ပိုင်း သစ်တောကြိုးဝိုင်း(၁၆)ခုကို ကြိုးပြင် ကာကွယ် တော အဖြစ် ဖွဲ့စည်းခဲ့တာဖြစ်ပြီး သစ်တောထူထပ်တဲ့ နေရာ(၅၄)ခုကို သစ်တောနယ်မြေအဖြစ် တိုးချဲ့ဆောင်ရွက် သွားဖို့ လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီးသစ်တောဦးစီးဌာနရုံးက သိရပါတယ်။