နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ ဆန္ဒပြသူများကို ဖမ်းဆီး
နေပြည်တော်ကောင်စီနယ်မြေ ၊ ပျဉ်းမနားမြို့နယ် ရာဇဌာနီလမ်းမပေါ်ရှိ နှင်းဆီပန်းအဝိုင်းအနီးတွင် ဒီနေ့ ဖေဖော် ဝါရီ ၂၂ ရက် လူထုအားလုံးပါဝင်ဆန္ဒထုတ်ဖော်တဲ့ ၂ ငါးလုံးနေ့ ဆန္ဒထုတ်ဖော်မှုနံနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ရာ နံနက် ၁၁ နာရီဝန်းကျင်မှာ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများပါဝင်သည့် လုံခြုံရေးအဖွဲ့က ဖမ်းဆီးမှုများ ပြုလုပ် ခဲ့တယ်လို့ Eleven Media Group ရဲ့ နေပြည်တော် အခြေစိုက်သတင်းထောက်တွေက သတင်းပေးပို့ပါတယ်။