■ တပ်မတော်အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်း ၁၈ ရက်မြောက်အဖြစ် ဆန္ဒထုတ်ဖော်မှုများ ယနေ့ ဆက်လက် ပြုလုပ်
■ မန္တလေးမြို့ပစ်ခတ်ဖြိုခွင်းမှုအတွင်း ကျည်ဆန်ထိမှန်သေဆုံးခဲ့သူ ကိုသက်နိုင်ဝင်း (ခ) ကိုမင်း၏ ဈာပနကို အေးရိပ်ငြိမ် သုသာန်တွင် ပြုလုပ်ခဲ့ရာ ပြည်သူအများအပြား လိုက်ပါပို့ဆောင်
■ မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်သပိတ်စစ်ကြောင်း လေးခွဖြင့် အပစ်ခံရပြီး အမျိုးသမီးတစ်ဦး နဖူးထိမှန်ဒဏ်ရာရ
■ မြောင်းမြနှင့် ပခုက္ကူမြို့တို့တွင် တပ်မတော်ထောက်ခံပွဲများ ပြုလုပ်ခဲ့ရာ မြို့ခံများမှ သံပုံးတီးကန့်ကွက်မှုများ ပြုလုပ်
■ ဖိနှိပ်မှုများကို ချက်ချင်းရပ်တန့်ရန် မြန်မာ့တပ်မတော်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တိုက်တွန်း
အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။