မြန်မာပလာဇာသို ့လာရောက် လည်ပတ်စျေးဝယ်ကြသူများထည့်ဝင်သော အလှူငွေများကိုစုပေါင်းပြီး HAGL Group မှ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနသို ့ငွေကျပ်(၁၆)သိန်း လှူဒါန်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနကို HAGL Group က ငွေကျပ်(၁၆)သိန်းလှူဒါန်းခဲ့တယ်လို ့သိရပါတယ်။ အဆိုပါလှူဒါန်းမှုကတော့ လိုအပ်နေတဲ့နေရာများကိုအကူအညီများပေးဖို ့မြန်မာပလာဇာမှာ အလှူခံပုံး တွေထားရှိထားပြီး လာရောက်လည်ပတ်စျေးဝယ်သူတွေအနေနဲ ့ထည့်ဝင်သော အလှူငွေများကိုစုပေါင်းပြီး ၃ လတစ်ကြိမ်အလှူပြုလုပ်တာဖြစ်တယ်လို ့သိရပါတယ်။