အမေရိကန်နှင့် မြောက်ကိုရီးယားတို့ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်၌ ဆွေးနွေးပွဲများပြုလုပ်ရန် စီစဉ်နေသည့် သတင်းများထွက်ပေါ်
အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ နှစ်နိုင်ငံ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အခုသီတင်းပတ် အတွင်း ဝါရှင်တန်မြို့မှာ အဆင့်မြင့်ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့စီစဉ်နေတယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြကြပါတယ်။