သေနတ်ထိမှန်ခဲ့သဖြင့် သေဆုံးခဲ့ရသည့် မမြသွဲ့သွဲ့ခိုင်အတွက် ယနေ့တွင် မိသားစုက ရက်လည်ဆွမ်းကျွေး ပြုလုပ်

သေနတ်ထိမှန်ခဲ့သဖြင့် သေဆုံးခဲ့ရသည့် မမြသွဲ့သွဲ့ခိုင်အတွက် ယနေ့တွင် မိသားစုက ရက်လည်ဆွမ်းကျွေး ပြုလုပ်
Published 26 February 2021

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနား-တောင်ညိုလမ်းမကြီးပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်အနီး ဖေဖော်ဝါရီ ၉ ရက်က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့တာ ကြောင့် ဦးခေါင်းသေနတ်ထိမှန်ပြီး ဖေဖော်ဝါရီ ၁၉ ရက်မှာ အသက် ဆုံးရှုံးခဲ့ရတဲ့ မမြသွဲ့သွဲခိုင်အတွက် မိသားစုဝင်များက ဒီနေ့ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ရက်လည်ဆွမ်းကျွေးမှု ပြုလုပ်ခဲ့ပါတယ်။