ရန်ကုန်မြို့ နေရာအများအပြားတွင် ဆန္ဒပြလူထုအား ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ပြီး မျက်ရည်ယိုဗုံး၊ အသံဗုံးများသုံးခဲ့ ပြည်သူနှင့် မီဒီယာသမားအချို့ဖမ်းဆီးခံရ
ဆန္ဒပြမှုများအားကောင်းခဲ့တဲ့ ရန်ကုန်မြို့ရှိ လှည်းတန်း၊မြေနီကုန်း တို့မှာ ရဲတပ်ဖွဲ့က ဆန္ဒပြပြည်သူတွေကို အဓိကထား ပစ်ခတ်ဖြိုခွင်းမှုများပြုလုပ်ခဲ့ပြီး ဒီနေ့ဖေဖော်ဝါရီ ၂၇ ရက်မှာ ဆူးလေ၊တာမွေစတဲ့ အခြားနေရာ တွေမှာလည်း ဖြိုခွင်းမှုတွေ ဆက်တိုက်ပြုလုပ်ပြီး ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။