Lockdown ချသော ပြည်နယ်များကိုအရေးပေါ်အကူအညီ ဖြတ်တောက်မည်ဟုဘရာဇီးသမ္မတဘော်ဆိုနာရိုခြိမ်းခြောက်
ဘရာဇီးမှာကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကိုထိန်းချုပ်ဖို့ lockdown တွေနဲ့ ညမထွက်ရအမိန့်တွေကိုကျင့်သုံးခဲ့ကြတဲ့ ပြည်နယ်တွေကို ပြည်ထောင်စုအရေးပေါ်ကပ်ရောဂါအကူအညီတွေ ဖြတ်တောက်ပစ်မှာ ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှာဘရာဇီးသမ္မတဂျယ်ယာဘော်ဆိုနာရိုက ခြိမ်းခြောက်လိုက်ပါတယ်။