မြဝတီ မြို့ ဆန္ဒထုတ်ဖော်သူများကို အင်အားသုံး ဆက်လက်ဖြိုခွဲခဲ့ပြီး ဆယ်ဦးထက်မနည်းဖမ်းဆီးခံရ
မြန်မာ - ထိုင်းနယ်စပ် စီးပွားရေးမြို့တော် မြဝတီမြို့မှာ ဆန္ဒပြမှု ၂၂ရက်မြောက်အဖြစ် ဖေဖော်ဝါရီလ ၂၈ ရက် ဒီနေ့ နံနက်က ဆန္ဒထုတ်ဖော်နေသူတွေကို တပ်မတော်၊ ရဲတပ်ဖွဲ့အင်အားအလုံးအရင်းက ဖြိုခွင်းခဲ့ရာ ဆန္ဒပြသူ ဆယ်ဦးထက်မနည်း ဖမ်းခံရပြီး ဖမ်းခံရသူတွေထဲမှာ လမ်းမတွေမှာမှတ်တမ်းဓာတ်ပုံ၊ မူဗီရိုက်ကူးသူအများအပြား ပါဝင်တယ်လို့ သိရပါတယ်။