မူဆယ်မြို့၌ ဆန္ဒပြပြည်သူများအား ကားဖြင့်တိုက်၍ သေနတ်ပစ်ဖောက်ခဲ့သူများကို ဆန္ဒပြသူများက ဝိုင်းဝန်း ဖမ်းဆီးပြီး ရဲလက်အပ်
မူဆယ်မြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်က ဌာနေတိုင်းရင်းသား ပြည်သူများနှင့် ဒေသနေ ပြည်သူလူထု ဆန္ဒပြပွဲ၌ ကားဖြင့်တိုက်၍ သေနတ်ပစ်ဖောက်ခဲ့သူ လေးဦးအား သေနတ် တစ်လက်၊ ဓား တစ်ချောင်းနှင့်အတူ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ရကြောင်း သိရပါတယ်။