နိုင်ငံတဝှမ်းမြို့ကြီးများတွင် ဆန္ဒပြလူထုက ဆက်လက်ဆန္ဒထုတ်ဖော်

နိုင်ငံတဝှမ်းမြို့ကြီးများတွင် ဆန္ဒပြလူထုက ဆက်လက်ဆန္ဒထုတ်ဖော်
Published 1 March 2021

လုံခြုံရေးတပ်ဖွဲ့က အင်အားသုံးဆက်တိုက်ဖြိုခွဲမှုတွေပြုလုပ်ခဲ့သော်လည်း နိုင်ငံတဝှမ်းမြို့ကြီးများတွင် ဆန္ဒပြလူထုက ဆက်လက်ဆန္ဒထုတ်ဖော်

လူထုဆန္ဒပြ ၂၂ ရက်မြောက်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်မနက်ပိုင်းမှာ တစုတဝေးတည်း ဆန္ဒပြမှုများ ပြုလုပ်ဖို့ လုပ်ဆောင်နေချိန် နိုင်ငံတဝှမ်း ဆန္ဒပြနေရာတိုင်းမှာ လုံခြုံရေးတပ်ဖွဲ့က ဆက်တိုက်အင်အားသုံးဖြိုခွဲမှုတွေကြောင့် သေဆုံးသူ ၁၈ ဦးထက်မနည်း ဒဏ်ရာရသူများစွာ ရှိခဲ့ပြီးနောက် ဒီနေ့ မတ်လ ၁ ရက်မှာ နိုင်ငံတဝှမ်းမြို့ကြီးတွေမှာ ဆန္ဒပြလူထုက ဆက်လက်ဆန္ဒထုတ်ဖော် မှုတွေ လုပ်ခဲ့ပါတယ်။