မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက် ပစ်ခတ်ဖြိုခွဲမှုအတွင်း အမျိုးသားတစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့
ဖေဖော်ဝါရီလ၂၈ရက်က မန္တလေးမြို့မှာ ဆန္ဒပြသူတွေကို သေနတ်ပစ်ခတ်ဖြိုခွဲခဲ့မှုမှာ လမ်းပေါ်ရပ်ကြည့်နေသူတွေကို သေနတ်နဲ့ ပစ်ခတ်မှုတွေရှိခဲ့ရာ သေဆုံးသူသုံးဦးရှိခဲ့ပြီး အသက် ၂၈ နှစ်ရှိ အမျိုးသားတစ်ဦးဖြစ်တဲ့ ကိုကျော်ထက်ခေါင်ဟာ ၆၈လမ်း၊ ၃၄လမ်းနှင့် ၃၅လမ်းကြားမှာ သေနတ်ကျည်ဆန်ကြောင့် ညာဘက်ရင်အုံထိမှန်ပြီးသေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။