ကလေးမြို့တွင် ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွဲရာ ပြင်းထန်ဒဏ်ရာရရှိသူ လေးဦး အပါအဝင် ဒဏ်ရာရရှိသူ ၁၅ ဦးခန့်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဒီကနေ့ မတ်လ ၂ ရက်နေ့က ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဗိုလ်ချုပ် လမ်းမှာ ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ပစ်ခတ်ဖြိုခွဲရာ ပြင်းထန်ဒဏ်ရာရရှိသူလေးဦး အပါအဝင် ဒဏ်ရာရရှိသူ ၁၅ ဦးခန့်ရှိတယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။