■ တန်ဖိုးမြင့် နှင်းဆီများ 

■ တန်ဖိုးမြင့် နှင်းဆီများ 
Published 2 March 2021

ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးရဲ့ ရင်ခုန်ဘက်ဖြစ်ရတာ သိပ်ပြီးအားကျချင်စရာကောင်းနေမလားပဲ။ လိုလေသေးမရှိဘဝမျိုး ပိုင်ဆိုင်ထားပြီး ရွှေဘုံပေါ် စံရတဲ့အခြေ အနေမျိုးမဟုတ်လား။ ဒါပေမဲ့ ကမ္ဘာကျော်ဘောလုံးသမားတချို့ရဲ့ အိမ်သူသက်ထားတွေဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ ကိုယ်ပိုင်ဝင်ငွေရှာဖွေပြီး ထိုင်စားမနေဘူးဆိုတာကို သက်သေပြနေပါတယ်။

အသက် (၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုရဲ့ အတူနေချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ် ဟာ စီရော်နယ်လ်ဒိုနဲ့ မဆုံတွေ့မီမှာ ဖက်ရှင်စတိုးဆိုင်တစ်ခုရဲ့ အရောင်း ကိုယ်စားလှယ်အဖြစ်သာရှိခဲ့ပေမဲ့ အခုဆိုရင် ကိုယ်ပိုင်ဖက်ရှင်အမှတ်တံဆိပ် ဖန်တီး ပြီး ဝင်ငွေကောင်းနေခဲ့ပါပြီ။ ညှို့အားပြင်းတဲ့ အလှတရားရှိပြီးသား ဂျော်ဂျီနာရိုဒရီ ဂွက်ဇ်ဟာ စီရော်နယ်လ်ဒိုရဲ့ ဖူးစာဖက်ဖြစ်လာလို့ ပိုပြီးထင်ရှားကျော်ကြားလာကာ စပွန်ဆာပေးချင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဝိုင်းဝိုင်းလည်လာခဲ့တယ်။