ပခုက္ကူမြို့ခံများစုဝေး ဆန္ဒပြမှုအတွင်းဖြိုခွင်းရန် ကြိုးစားသည့်ကြားက ဆန္ဒပြစစ်ကြောင်းသစ်များထပ်ဖွဲ့ပြီး ပြီးဆုံးသည်အထိ ဆန္ဒထုတ်ဖော်ခဲ့

ပခုက္ကူမြို့ခံများစုဝေး ဆန္ဒပြမှုအတွင်းဖြိုခွင်းရန် ကြိုးစားသည့်ကြားက ဆန္ဒပြစစ်ကြောင်းသစ်များထပ်ဖွဲ့ပြီး ပြီးဆုံးသည်အထိ ဆန္ဒထုတ်ဖော်ခဲ့
Published 3 March 2021

ပခုက္ကူမြို့မှာ မတ်လ ၃ ရက်မနက်ပိုင်းက မြို့ခံတွေ စုဝေး ဆန္ဒထုတ်ဖော်ရာကိုရဲတပ်ဖွဲဝင်တွေနဲ့ တပ်မတော်ပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေက အုပ်ချုပ်ရေးယာဉ် သုံးစီးဝန်းကျင်၊ Water Cannon ၊ အချုပ်ကား၊ ရဲတပ်ဖွဲ့ကား၊ တပ်မတော်ကားတွေပါတဲ့ ယာဉ်တန်းနဲ့ ဖြိုခွင်းဖို့ ကြိုးစားတဲ့ကြားက မြို့ခံတွေဟာလမ်းတွေပိတ်ဆို့တာ၊ ဆန္ဒပြစစ်ကြောင်းသစ်များထပ်မံဖွဲ့စည်းတာတွေပြုလုပ်ပြီးဆန္ဒထုတ်ဖော်မှု ပြီးဆုံးသည်အထိလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။