ရန်ကုန် ၊မန္တလေး နှင့် မြို့အများအပြား၌ ဆန္ဒပြမှုများဆက်လက်ပြုလုပ်လျက်ရှိပြီး အင်အားသုံးဖြိုခွဲမှုများအတွင်း ရှစ် ဦးထက်မနည်း သေဆုံးမှုများရှိခဲ့
ဆန္ဒပြလူထုကို နေ့စဉ်ရက်ဆက် ဖြိုခွဲမှုတွေ ရှိခဲ့ပေမယ့် ဆန္ဒပြမှု ၂၅ ရက်ရှိလာတဲ့ဒီနေ့ မတ်လ ၃ ရက်မှာလည်း ဆန္ဒပြလူထုဟာနိုင်ငံတဝှမ်းမြို့ကြီးတွေမှာ အကြမ်းမဖက်ဘဲငြိမ်းချမ်းစွာဆက်လက်ဆန္ဒပြခဲ့ရာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မကွေး၊ မြင်းခြံ ၊ မြစ်ကြီးနား၊ ဖားကန့် ၊မော်လမြိုင် စတဲ့ မြို့တွေမှာ ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့ပြီး မုံရွာမှာ ငါးဦး၊ မန္တလေးမှာ နှစ်ဦး၊ မြင်းခြံမှာ တစ်ဦး လတ်တလောရရှိတဲ့အချက်အလက်အရ ရှစ် ဦးထက်မနည်း သေဆုံးသူရှိခဲ့သလို ဒဏ်ရာရသူအများအပြားလည်းရှိခဲ့တယ်လို့ သိရပါတယ်။