မတ်လ ၃ ရက်နေ့က မြန်မာနိုင်ငံမှာ သွေးမြေအကျဆုံးနေ့ ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂပြော၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံး ဖြိုခွင်းမှုအပေါ် တုန်လှုပ်မိဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို
လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုကြောင့် မြန်မာနိုင်ငံမှာ မတ်လ ၃ရက်နေ့က သေဆုံးသူ ၃၈ဦးထက်မနည်းရှိခဲ့ပြီး သွေးမြေအကျဆုံးနေ့ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်း ရှရာနာဘာဂနာပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကလည်း မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံး ဖြိုခွင်း မှုအပေါ် တုန်လှုပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။