မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်ဖြိုခွင်းမှုကိုရပ်တန့်ရန် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတောင်းဆို
ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ပစ်ခတ်ဖြိုခွင်းမှုတွေပြုလုပ်နေတာ ရပ်တန့်ဖို့မတ်၄ရက်မှာ ကုလသမဂ္ဂလူ့ အခွင့်အရေး ကောင်စီ အကြီးအကဲက တောင်းဆိုလိုက်ပြီး ဖေဖော်ဝါရီ၁ရက်နောက်ပိုင်း ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ တပ်မတော်ကို တိုက်တွန်းလိုက်ပါတယ်။