မတ် ၅ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
■ လုံခြုံရေးတပ်ဖွဲ့များကြောင့် ဆန္ဒပြသူများ သေဆုံးနေမှုအပေါ် ရာဇဝတ်မှုအဖြစ် စစ်ဆေးသင့်ဟု ICJ ဥပဒေအကြံပေး ပြော
■ ပစ်ခတ်ဖြိုခွင်းမှုများရှိသော်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော အပါအဝင် မြန်မာနိုင်ငံတဝန်း မြို့နယ်အများအပြား တွင် ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်
■ မြောက်ဥက္ကလာတွင် သေနတ်ထိမှန်ကျဆုံးခဲ့သည့် ကိုဇွဲထက်စိုး၊ ကိုအာကာမိုးနှင့်ကိုဖိုးချစ်တို့၏ ဈာပနပြုလုပ်
■ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၏ အာမခံလျှောက်ထားမှုကို ဥပဒေအရာရှိမှ မကန့်ကွက်ခဲ့ဘဲလာမည့် ရုံးချိန်းတွင် အာမခံရ၊မရ အမိန့်ချမည်
■ တပ်မတော်၏ အဓိကစီးပွားရေးလုပ်ငန်းများနှင့် ဝန်ကြီးဌာနနှစ်ခုကို အမေရိကန်က ကုန်သွယ်ရေးအရ ပိတ်ပင်ကန့် သတ်မှုများ ပိုမိုတင်းကြပ်
စတဲ့သတင်းတွေကို တင်ဆက်ပေးထားပါတယ်။