တောင်ကိုရီးယားတွင် ကိုဗစ်ကာကွယ်ဆေးနှင့် လူသေဆုံးမှု ဆက်စပ်အထောက်အထား မတွေ့သေး
တောင်ကိုရီးယားမှာ လတ်တလော လူသေဆုံးမှုအချို့နဲ့ ကိုဗစ်ကာကွယ်ဆေး ဆက်စပ်နေတဲ့ အထောက်အထား မတွေ့သေးဘူးလို့ ကိုရီးယားကူးစက်ရောဂါထိန်းချုပ်တားဆီးရေးဌာန KDCA က မတ်လ ၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။