တရုတ်စစ်အင်အားကိုယှဉ်ရန် ပစိဖိတ်အနောက်ပိုင်းဒေသတွင် မြေပြင်အခြေစိုက်တာဝေးပစ်လက်နက်များလိုအပ်နေကြောင်း အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးပြောကြား
အမေရိကန်ပြည်ထောင်စုဟာ ပစိဖိတ်အနောက်ပိုင်းမှာ မြေပြင်အခြေစိုက် လက်နက်တွေအပါအဝင် နောက်ထပ် တာဝေးပစ် လက်နက်တွေလိုအပ်နေတယ်လို့ မတ်လ၉ရက်မှာ အာရှ-ပစိဖိတ်ဆိုင်ရာအမေရိကန် ထိပ်တန်းဗိုလ်ချုပ်က ထုတ်ဖော်ပြောကြား လိုက်တာကြောင့် ဒါဟာ တရုတ်ရဲ့စစ်အင်အားကြီးထွားမှု အထူးသဖြင့် ဒုံးကျည်အင် အားနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။