ပဲခူးမြို့တွင် ဆန္ဒပြသူများအားပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးထားပြီး ဒဏ်ရာရသူအများအပြားရှိ
ပဲခူးမြို့မှာ မတ်လ ၁၄ ရက်နေ့က ဆန္ဒပြသပိတ်အဖွဲ့ကို ဝိုင်းထားတဲ့ ရဲနှင့်တပ်မတော်ပူးပေါင်းတပ်ဖွဲ့ကို ပြည်သူတွေက ပြန်ဝိုင်းစဉ် ကျည်အစစ်နဲ့ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူ ၅ ဦးအထက်ရှိတယ်လို့ ကနဦးသိရပါတယ်။