၂၀၂၀ အမေရိကန် ရွေးကောက်ပွဲအပေါ် ကြားဝင်စွက်ဖက်မှု နောက်ကွယ်တွင် ပူတင် ရှိနေနိုင်ဟု အမေရိကန် ပြော
၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ ဒေါ်နယ်ထရန့် အလေးသာအောင် ပြိုင်ဖက်ဖြစ်သူ ဂျိုးဘိုင်ဒန်အပေါ် မခိုင်လုံတဲ့ စွပ်စွဲချက်တွေနဲ့ အထင်မြင်မှားအောင်လုပ်ပြီး ကြားဝင်ချယ်လှယ်ဖို့ ရုရှားရဲ့ ကြိုးပမ်းမှုတွေကို သမ္မတပူတင် သိရှိခဲ့ပြီး သူကိုယ်တိုင် ညွှန်ကြားခဲ့ဖွယ် ရှိတယ်လို့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်အရ သိရပါတယ်။