၀မ်းတွင်းမြို့တွင် ပီပါအတွင်း ဆီဖြည့်ရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် လူနေအိမ်တစ်လုံး ၊ ဆီသိုလှောင်ရုံတစ်ရုံနှင့် ဒီဇယ်ဆီဂါလံ (၇၀၀၀)ကျော် ပျက်ဆီးဆုံးရှုံး
မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့မှာ ပီပါအတွင်းသို့ ဆီဖြည့်တင်းစဉ် ပွတ်တိုက်မှုဖြစ်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး လူနေအိမ်တစ်လုံး ၊ဆီသိုလှောင်ရုံတစ်ရုံနဲ့ ဒီဇယ်ဆီဂါလံ (၇၀၀၀)ကျော် မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ မိတ္တီလာခရိုင်၊ မီးသတ်ဦးစီးဌာနက သိရပါတယ်။