မြောက်ဦးမြို့ရှိ တိန်ညို တိုက်ပွဲရှောင်စခန်း မီးလောင်မှုကြောင့် လူနေအိမ် ၇၀၀ ခန့်မီးလောင်ဆုံးရှုံး
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရှိ တိန်ညို (ရခိုင်) တိုက်ပွဲရှောင်စခန်း မတ်လ ၁၇ ရက်နေ့ ည ၈ နာရီ ကျော်အချိန်ခန့်က ဖယောင်းတိုင်မီးထွန်းထားခဲ့ရာမှ ဖယောင်းတိုင်မီးလဲကျပြီး အနီးရှိ မိုးကာထရံကို မီးကူးစက်လောင်ကျွမ်းခဲ့မှုကြောင့် လူနေအိမ် ၇၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ Rakhine Fire Force ထုတ်ပြန်မှုအရ သိရပါတယ်။